မိုင်းပန်မြို့နယ် အခြေခံပညာမူလတန်းကျောင်း (၃မိုင်)နှင့် (တုံတစ်) ကျောင်းများသို့ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

မိုင်းပန် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း (၃မိုင်) နှင့် (တုံတစ်) ကျောင်းများသို့  ယနေ့မွန်းလွဲ ၁ နာရီအချိန်က နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိ‌ရွှေစင်လတ်က ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသခဲ့သည်။ ထို့နောက် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဓာတ်ပုံများနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများအတွက် ပြသပေးခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)