လက်ပံတန်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးမြင့်သိန်း စာရေးဆရာမြင့်သိန်း ရွှေတောင်(ချည်/ထည်/ချော)က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကိုအပြင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုနိုင်ရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး အာဇာနည်နေ့အထိမ်းအမှတ် အင်္ဂလိပ်ဉာဏ်စမ်းပြိုင်ပွဲပြုလုပ်ကာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)