ဖျာပုံမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဖျာပုံ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးနှင့်ကျောင်းသား၊ ကျောင်းသူများကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်ပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေး၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်တို့က “အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်း ဆောင်ရွက်မှုများ အားအသီးသီး အသိပညာပေး ဟောပြောကြသည်။ ထို့နောက်၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်
ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲအလိုက် ဆုရရှိကြသူများအား ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေး၊ ဦးစီးအရာရှိ ဒေါ် မာမာလွင်နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသကြရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်