မယ်စဲ့ နိုဝင်ဘာ ၁၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မြို့နယ်အဆင့် ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက သုံးလတာ ကာလအတွင်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်သည့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများနှင့် တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်များ အတွက် အကျိုးရှိစေမည့် လှုပ်ရှားမှုများကို အကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်က အခြေခံပညာကျောင်းများတွင် ကလေးများအား စာဖတ်ဝိုင်းများ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ၊ မူးယစ် ဆေးဝါး အန္တရာယ်နှင့် ဥပဒေဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက အကြံပြုဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)