တာလေမြို့၌ (၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

တာလေ ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာ‌လေမြို့၌ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာ​ပေး​​ဟော​ပြောပွဲကို ယနေ့နံနက် ၁၀ နာရီက  အ-မ-က (တာလော့ဝမ်ဆာ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ခွဲပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ​ဦးပြည့်ဖြိုးဇော်က   ဇူလိုင်လ ၁၉ ရက်​နေ့သည် အာဇာနည်နေ့ဖြစ်​​‌‌ပုံ၊ တိုင်းပြည်လွတ်လပ်ရေးနှင့် အာဇာနည် (၉) ဦးတို့၏ပတ်သတ်ဆက်နွယ်မှု၊ကျဆုံးခဲ့သော အာဇာနည်ရဲဘော် (၉) ဦးတို့အကြောင်း၊ အာဇာနည်နေ့သည် တိုင်းပြည်၏ ကြီးမား‌သောဆုံးရှုံးမှုတစ်ခုဖြစ်၍ ဝမ်းနည်း‌‌ကြေကွဲဖွယ်နေ့တစ်နေ့ဖြစ်ကြောင်း စသည်အကြောင်းအရာ များကို ပညာ​ပေး​​ဟော​ပြောကြားခဲ့သည်။

ဆက်လက်၍ ​ဟော​ပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာ​စောင်များ၊ လူကုန်ကူးမှုထားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ​ကျောင်းသား၊ ​ကျောင်းသူများက ​လေ့လာကြည့်ရှုခဲ့​ကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)