သာယာဝတီမြို့နယ်၌ (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေဆယ်ဝတီ ဘိုးဘွားရိပ်သာတွင် နံနက်စာအာဟာရနှင့်ဆေးဝါးများ လှူဒါန်း

သာယာဝတီ ဇူလိုင် ၅

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  သာယာဝတီမြို့ ရွှေဆယ်ဝတီ ဘိုးဘွားရိပ်သာမှ အဘိုး/အဘွားများအား နံနက်စာ အာဟာရများနှင့် ဆေးဝါးများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာ၌ ပြုလုပ်ခဲ့သည်။

“၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့်မြို့နယ်သမဝါယမ အသင်းစုဝန်ထမ်းများပူးပေါင်းပြီး သာယာဝတီမြို့နယ် ရွှေဆယ်ဝတီဘိုးဘွားရိပ်သာမှ အဘိုး (၃) ဦး၊ အဘွား (၁၀) ဦးတို့အား နံနက်စာအာဟာရအဖြစ် မုန့်ဟင်းခါးများကို ကျွေးမွေးခြင်းဖြစ်ပြီး ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)