ဘိုကလေး ဇူလိုင် ၅
ဆန်ရိက္ခာပေါများစေရေးနှင့် အများပြည်သူ ဝယ်ယူစားသုံးမှု အဆင်ပြေချောမွေ့စေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဆန်စက်များ ပုံမှန် လည်ပတ်ရန်နှင့် ဆန်ဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီ အချိန်တွင် မြိုနယ်တွင်းရှိ ဆန်စက်များနှင့် ဆန်ဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ လွယ်ကူလွတ်လပ်စွာ ဝယ်ယူစားသုံးရန်နှင့် ပစ္စည်းပြတ်လတ်မှု မရှိစေရေးအတွက် မြို့နယ်တွင်းရှိ ဆန်စက်များ ပုံမှန်လည်ပတ်ကြိတ်ခွဲစေရေး၊ ဆန်များ ပုံမှန်တင်ပို့ စေရေးနှင့် ဆန်ဆိုင်များ ပုံမှန်ဖွင့်လှစ်၍ သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချရေးတို့အတွက် လိုအပ်သည်များကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)