မြောင်းမြ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သစ်တောဦးစီးဌာနက သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုဆက်စပ်ပုံကို သိရှိနားလည်စေပြီး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရန်၊ သစ်တောများ၏ အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက “သစ်ပင်စိုက်ပါတို့ကမ္ဘာဥတုရာသီတောကိုမှီလို့” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှု၊ သစ်တောပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မှန်လုံအိမ်အာနိသင်နှင့် ကမ္ဘကြီးပူးနွေးလာမှု၊ ရာသီဥတုပြောင်းလဲခြင်း သက်ရောက်မှုများ၊ စိုက်ပျိုးသီးနှံပျက်စီးရခြင်းအကြောင်း၊ ရေရရှိမှုခက်ခဲခြင်း၊ ပတ်ဝန်ကျင်းရေးရာကျင့်ဝတ်နှင့် လုပ်ဆောင်ဖွယ်ရာများ စသည့်အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားကို မြောင်းမြခရိုင်/ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများစုစုပေါင်း (၃၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)