တောင်တွင်းကြီးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၂) နှစ်ထိ ကလေးများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

တောင်တွင်းကြီး ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၂) နှစ်ထိ ကလေးသူငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက် (၂) နှစ်ထိ ကလေးများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် () လကလေးငယ်များအား BCG ရောဂါကာကွယ်ဆေး၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)(ပထမအကြိမ်) () လသား ကလေးများအား ပိုလီယို၊ ပြင်ထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို ကာကွယ်ဆေး၊ ပြင်ထန်းအဆုတ်ရောင် (PCV)၊ ဆုံဆို့- ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) (ဒုတိယအကြိမ်)() လသား ကလေးငယ်များအား ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (PCV)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်ရောဂါအသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (တတိယအကြိမ်) () လ ကလေးသူငယ် များအား ဝက်သက်- ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် (ဒုတိယအကြိမ်) () နှစ်ခွဲနှင့်အထက် ကလေးသူငယ်များအား ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (စတုတ္ထအကြိမ်) စသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)