မင်းလှ ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က မဲရုံတည်နေရာနှင့် ပတ်သက် ၍ ကိစ္စရပ်များ၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာ ရင်းကောက်ယူမည့် ကိစ္စရပ်များ၊ သမကြွေးပေးဆပ်နိုင်ရန်ကိစ္စများ၊ သီးနှံများကိုလည်း အချိန်မီစိုက်ပျိုးကြရန်၊ လုံခြုံရေးကိစ္စရပ်များတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းအခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ပေါက်စ(မင်းလှ)