မော်လမြိုင်ကျွန်း ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲအား ယနေ့ မွန်းလွဲ (၁) နာရီအချိန်က တောရ (အ.လ.က) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့်လူငယ်ရေးရာ သိကောင်းစရာများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုအေးက စာဖတ်ရှိန်မြှင့်တင်ရေး သိကောင်းစရာများအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူအန္တရာယ် သိကောင်းစရာများ အကြောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ခွေးရူးရောဂါကာကွယ်ရေးအကြောင်း၊ ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့်ရောဂါဖြစ်ကြောင်း၊ ခွေးရူးရောဂါကူးစက်ခံရသည့်နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါလက္ခဏာများအကြောင်း၊ ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရန်နည်းလမ်းများအကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်မက ကလေးအလုပ်သမားပပျောက်ရေးသိကောင်းစရာများ၊ လူကုန်ကူမှုအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအတွက် အားကစားလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)