ညောင်တုန်းမြို့နယ်၌ ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

ညောင်တုန်း ဇူလိုင် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆားမလောက်ကျေးရွာရှိ သုခမင်္ဂလာဈေးရုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါ၀င်သော မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ ပူးပေါင်းအဖွဲ့များက သုခမင်္ဂလာဈေးရုံအတွင်း ရှောင်တခင်၀င်ရောက်စစ်ဆေး၍ ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ သက်တမ်းလွန်နေသော မုန့်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် စားသုံးရန်မသင့်‌သော ဖော်မလင်ပါဝင်သည့် ပဲသွေး၊ ပဲပြားများအား မြေမြုပ် ဖျက်ဆီးခြင်းတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)