မင်းတုန်းမြို့နယ်တွင် အမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

မင်းတုန်း ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စု‌ပေါင်း စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ နံနက် (၇) နာရီခွဲက အမှတ်(၄)ရပ်ကွက် ရွေဂူလမ်းဘေး ဝဲ၊ယာနှင့် မင်းတုန်းမြို့နှင့် ပုသိမ်-မုံရွာ ဆက်သွယ်ရေးလမ်းဘေးတို့တွင် ကျင်းပရာ အရိပ်ရပန်းအလှပင် မဟာလှေကားပင်(၂၅၀)နှင့် စိန်ပန်းပြာပင်(၂၅၀)တို့ကို ရာသီဥတုပြောင်းလဲမှု ကာကွယ်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၂၅)ဦးဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)