အောင်လံ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နေအိမ်များသို့ ရေဘေးနှင့်မြေပြိုဘေး ကြိုတင်ကာကွယ်နိုင်ရေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက စုပေါင်းလိုက်လံ နှိုးဆော်ခဲ့ကြသည်။
အဆိုပါ နှိုးဆော်မှုတွင် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်တို့ကို အသိပညာပေးချက်များအား စုပေါင်းလှည့်လည် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)