နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂ဝ)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

နတ်တလင်း ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၂ဝ)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမောင်မောင်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်များ၊ ခရိုင်အတွင်းရှိမြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင်းသီရိလှိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးအသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမာများ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ပေါင်းတည်မြို့နယ်အသင်းနှင့် ဇီးကုန်းမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးကြရာ ဇီးကုန်းမြို့နယ်အသင်းက ပေါင်းတည်မြို့နယ် အသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

၎င်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ အားကစားပြိုင်ပွဲတွင် ဒုတိယဆုရ ပေါင်းတည်မြို့နယ်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်မှ ငွေသားဆု (၁)သိန်းကျပ်အားလည်းကောင်း၊ ပထမဆုရ ဇီးကုန်းမြို့နယ်အသင်းအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုးနှင့်အဖွဲ့ဝင်များမှ ငွေသားဆု(၂)သိန်းကျပ်ကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်မှ  ပထမဆုရ ဇီးကုန်းမြို့နယ်အသင်းအား ပထမဆုတံခွန်စိုက်ဖလား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)