ပေါင်းတည် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်တွင် ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ မြို့မစိုက်ပျိုးကွင်းအမှတ် ၃၅ B တွင် လက်ဆွဲ ကောက်စိုက်စက်ဖြင့် သရုပ်ပြသ မိုးစပါးစိုက်ပျိုးနေမှုကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သရုပ်ပြစိုက်ကွင်းရှိ ၁ ဧကကွက်တွင် လက်ဆွဲကောက်စက်ဖြင့် ဆင်းသုခစပါးကို စိုက်ပျိုးပြသကြရာ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအားတွေ့ဆုံမေးမြန်းရာ တောင်သူများက လက်ဆွဲကောက်စိုက်စက်သည် တစ်နိုင်တစ်ပိုင်လူအင်အားမလိုပဲ သွက်လက် ပေါ့ပါးစွာ စိုက်ပျိုးနိုင်၍ အဆင်ပြေချောမွေ့ပါကြောင်း၊ အချိန်တိုအတွင်း စိုက်ပျိုးနိုင်၍ လယ်လုပ်ငန်းအတွက် အသုံးဝင်ပါကြောင်းနှင့်ပန်းတိုင်အထွက်နှုန်းပြည့်မီစေမည့် စိုက်နည်းစနစ်ဖြစ်ပါကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရွှေသား(ပြန်/ဆက်)