ခန္တီးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေကျွံမှုဖြစ်ပွား

ခန္တီး ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇွန်လ(၂၃)ရက်နေ့မှစ၍ ဇူလိုင်လ(၁)ရက်နေ့အထိ မိုးများအဆက်မပြတ်သည်းထန်စွာရွာသွန်းပြီး ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ခန္တီးမြို့မြစ်ကမ်းနားလမ်းရှိကျွန်းစိုက်ခင်း၌ မြေကျွံကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေကျွံပျက်စီးပြီး ချင်းတွင်းမြစ်ကမ်းဘက်သို့ ရေများစီးဝင်လျက်ရှိရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ခန္တီးမြို့စည်ပင်သာယာရေးအဖွဲ့နှင့် ဒေသခံပြည်သူများသည် အဆိုပါ ကျွံကျပျက်စီးနေသည့် နေရာအား မြေအိတ်များဖြင့် မြေပြန်ဖို့ခြင်း၊ ကာရံခြင်းလုပ်ငန်းများလုပ်ဆောင်နေကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)