မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က ဌာနဆိုင်ရာအကြီးအကဲများအား စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ အဓိကဖြစ်သော စက်မှုလယ်ယာစနစ်ကျလယ်မြေအတွက် စိုက်ပျိုးရေးအလေးထားဆောင်ရွက်ရန်၊ MS.ME လုပ်ငန်းများအား သက်ဆိုင်ရာဌာနများ အလိုက်တိုးတက်အောင်မြင်အောင် ကူညီဆောင်ရွက်ရန်၊ ကုန်စျေးနှုန်းကျဆင်းရေး လုပ်ငန်းများအတွက် တိုင်းဒေသကြီအစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ပညာရေးနှင့် ပက်သတ်၍ အောင်ချက်မြင့်မားရေး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အောင်မြင်ခဲ့သော ကျောင်းသား/သူများအတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအတွက် လိုအပ်သည်များကိုပူးပေါင်းဆောင်ရွက်ရန်စသည့်တို့ကို ရှင်းလင်းမှာကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရဲကိုမောင် (ပြန်/ဆက်)