သာယာဝတီ ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးက ဗီဒီယိုတည်းဖြတ်နည်းသင်တန်းသည် နည်းပညာများနှင့်အညီ ပြည်သူအများစုက Mobile ဖုန်းများမှတစ်ဆင့် သတင်းများနှင့်အသိပညာပေးလုပ်ငန်းများကို ကြည့်ရှုနေကြကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့်လည်း ပြောင်းလဲလာသည့် သတင်းစီးဆင်းမှုများ၊ အသိပညာပေး အစီအစဉ်များကို Online Media များမှ ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါကြောင်း ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်မီသော ဗီဒီယိုသတင်းများပေးပို့နိုင်ရန် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် Kinemaster Application အသုံးပြု၍ ဗီဒီယိုတည်းဖြတ်နည်း၊ နောက်ခံ Background ကိုဖျောက်၍ Chroma Key ဖြင့်ပြုလုပ်နည်း၊ Audio Tools များအသုံးပြု၍ အသံစနစ် ကောင်းမွန်အောင်ပြုပြင်ခြင်းနှင့် အသိပညာပေး Talk Show များ အရည်အသွေးပြည့်မီစွာ ရိုက်ကူးတည်းဖြတ်နိုင်ရေး၊ လက်တွေ့ရိုက်ကူးတည်ဖြတ်နိုင်ရေး၊ လက်တွေ့ရိုက်ကူးတည်းဖြတ်ခြင်းအဆင့်ဆင့်ကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးမှ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာယာဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ(၁၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ(၁)ရက်နေ့မှ (၂)ရက်နေ့အထိ နေ့စဉ် နံနက်(၁၀)နာရီမှ မွန်းလွဲ(၂)နာရီအထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သန့်ဇော် (ပြန်/ဆက်)