သာပေါင်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သာပေါင်း ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ အချိန်က အခြေခံပညာအလယ်တန်းကျောင်း(ချင်းကုန်း)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဝင်းဇော်တို့က စိုက်ပျိုးမည့် ပျိုးပင်များအားပေးအပ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်တို့က လက်ခံရယူခဲ့ကြပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊‌ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ အရိပ်ရအပင် မန်ဂျန်ရှား(၂၀၀)ပင်၊ မဟော်ဂနီ(၁၅၀)ပင်၊ ခရေ(၁၀၀)ပင်၊ ကျွန်း(၅၀)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ မအူ(၁၀၀)ပင်၊ ဗန်ဒါ(၂၀)ပင်၊ ပေါင်း(၇၂၀)ပင်တို့ကို ကျောင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)