မုဒုံမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မုဒုံ  ဇူလိုင် ၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံမြို့) တွင် ယနေ့နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက ရေဘေး၊ လေ​ဘေး၊ မုန်တိုင်းဘေး စသည့်ဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝ ဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဥ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနေစဥ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သင်တန်းသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)