မောက်မယ် ဇွန် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင်းဆီဆောင်ခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသော မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက နိုင်ငံတော်အလံကိုအလေးပြုကြပြီး သဘာပတိအဖြစ် ကျောင်းအုပ်ဆရာကြီး ဦးကြည်လင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အခမ်းအနားကို ယခုကဲ့သို့ စည်ကားသိုက်မြိုက်စွာ တက်ရောက်လာသည့်အတွက် အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ ယနေ့ ကျောင်းသား/ကျောင်းသူများသည် နောင်တစ်ချိန်တွင် အမိနိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းယူကြရ မည့်သူများဖြစ်သည့်အတွက် ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများဖြစ်လာစေရေး ပညာကိုပိုမိုကြိုးစားကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအကျိုးတော် ဆောင် ဦးစန်းဝင်းက အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ကျောင်း၏လိုအပ်ချက်များအားဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး အမှုဆောင်ဟောင်းများနှုတ်ထွက်ခြင်းနှင့်အမှုဆောင်အသစ်များရွေးချယ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ကျောင်း၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရှေ့လုပ်ငန်းစဉ်များဆွေးနွေးကြပြီး မိဘဆရာအသင်းဥက္ကဋ္ဌ ဦးစိုင်းကျော်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)