စေတုတ္တရာ မတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ လက်ပံကျင်းကျေးရွာ မီးဘေးသင့်ပြည်သူများအား မျိုးစပါး(၂၄၇)တင်းနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်မှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းမင်းဇင်၊ အတွင်းရေးမှူးရဲမှူး ဝင်းကိုကို၊ အဖွဲ့ဝင်(၃) ဦးသောင်းစိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော ငွေကျပ်(၂၆၄၇၂၀၀၀)တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများ၊ စေတုတ္တရာမြို့နယ် ဌာနဆိုင်ရာများမှ လှုဒါန်းသောငွေကျပ် (၂၁၇၃၀၀၀)ကျပ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ထောက်ပံ့ငွေ(၅၂၁၄၁၅၀)ကျပ်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် (၁)သိန်းတို့အား ထောက်ပံ့ပေးအပ်ခြင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သော မျိုးစပါး(၂၄၇)တင်းအား မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန ဦးစီးမှူး ဦးမြစံမှလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထောက်ပံ့သော တိရစ္ဆာန်အစားအစာအိတ် (၁၀)အိတ်အား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပန်းမြတ်မွန်တို့ကလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ လက်ပံကျင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ရှိသူများက လက်ခံရယူကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)