စလင်း ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် (၉) နာရီအချိန်မှစတင်ကာ၊ ကြူဝန်းကျေးရွာအုပ်စုမှ တောင်သူများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ စလင်းမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်၍ လုပ်ကိုင်နိုင်စေရန်နှင့် တောင်သူ ဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ယခင်စိုက်ပျိုးစရိတ် ချေးငွေကျန်မရှိသူများကို အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျင် ချေးငွေကျပ် (၁၅၀၀၀၀) နှုန်းဖြင့် ထုတ်ပေးခဲ့ရှိကြောင်း သိရသည်။
စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီ၌ မေလ ဒုတိယအပတ်မှ စတင်ကာ စလင်းမြို့နယ်အတွင်းရှိ၊ ကျေးရွာအုပ်စု (၂၁) အုပ်စုတို့မှ တောင်သူများအား လယ်ယာလုပ်ငန်းခွင်သုံး စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူအသုံးပြုဆောင်ရွက်နိုင်ကြစေရန် တောင်သူ (၁၄၄၇) ဦး၊ စိုက်ပျိုးဧက (၆၃၈၂) ဧကအတွက်၊ ချေးငွေကျပ်သိန်း (၉၂၄၅၅၀၀၀၀) သိန်းအား ထုတ်ချေပေးနိုင်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် ကြူဝန်းကျေးရွာအုပ်စုမှ တောင်သူများအား၊ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ကျန်ရှိနေသေးသည့်၊ ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင်၊ ချေးငွေဆပ်ပြီး၊ ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
(မောင်လွင်) စလင်း