ကမမောင်း ဇွန် ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် “မူးယစ်အန္တရာယ်လက်တွဲကာကွယ်” အသိပညာပေးနံရံကပ်နှင့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့” အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ချိတ်ဆွဲပြသပေးခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်များတွင် မူးယစ်ဆေးဝါးသုံးစွဲလျှင် စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိမိကိုယ်ကို မိမိသေကြောင်းကြံခြင်း၊ မိသားစုစိတ်ဓာတ်လျော့နည်း လာခြင်းများအကြောင်း သိကောင်းစရာများနှင့် လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်ရည်ရွယ်၍ ပြသပေးခဲ့ကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)