ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ ပျိုး‌ထောင်ထားရှိသည့် ကော်ဖီပျိုးပင်များ ပျိုထောင်ထားမှုအခြေအနေများအား ကြည့်ရှုစစ်‌ဆေး

အင်္ဂပူ ‌ဇွန် ၂၆

ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လယ်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ စိုက်ပျိုးရေးနည်းပညာ‌ပေးစခန်းသို့ ရောက်ရှိရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးနှင့် သိုက်တိုးမြှင့်အဖွဲ့ဝင်များက ကြိုဆိုခဲ့သည်။

ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုး‌ထောင်ထားရှိသည့် ကော်ဖီပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်‌ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်တွင် ကော်ဖီစိုက်ပျိုးရန် ကျေးရွာအုပ်စု ၁၇ စုတွင် လျာထား၂၀၇-ဧက၌‌ ကော်ဖီပျိုးပင်ပေါင်း ၉၀၀၀၀ အား ပျိုးထောင်ထားရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)