အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ

အိမ်မဲ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် အဆိုပါဦးစီးဌာန၏ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ KG တန်းများတွင် ပညာသင်ကြားနေသော ဝန်ထမ်းသားသမီးများအား စတီးချိုင့်နှင့် ထီး (စုစုပေါင်း တန်ဖိုးငွေ ၉၆၀၀၀၀) ကျပ်အား ထောက်ပံပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ဝန်ထမ်းသားသမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ၊ ပြန်/ဆက်)