လေးမျက်နှာမြို့နယ်၌ တိုင်း‌‌ရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်အခမ်းအနား ပြုလုပ်

လေးမျက်နှာ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် တိုင်း‌‌ရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအ‌ခြေပြုအသက်မွေးဝမ်းကြောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက လူမှုဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများအား အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်‌ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး‌ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များအား အသိပညာပေးပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စာင့်ရှောက်‌ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒါ်မြတ်စုငြိမ်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးပြောကြားခြင်း၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာသိမှတ်ဖွယ်ရာများ အသိပညာပေးပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စာင့်ရှောက်ရေးဦးစီးဌာနမှ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်း၊ ရပ်ရွာအ‌ခြေပြု အသက်မွေးဝမ်းကြာင်းပညာ လိုအပ်ချက်စစ်တမ်းများ ကောက်ယူခဲ့သည်။

အခမ်းအနာသို့ ဧရာဝတီတိုင်းဒသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါ်မြမာလာစိုး၊ တိုင်းရင်းသားရေးရာကာကွယ်‌စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်စန်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး‌ ဒေါ်မြတ်စုငြိမ်း၊ လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လေးမျက်နှာမြို့နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ စုစုပေါင်းအင်အား (၁၃၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)