တောင်ငူ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်ငူ ဇွန် ၂၅

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့" ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းနှင့် ဝန်ထမ်းများက တောင်ငူမြို့၊ အ.ထ.က (၁)တွင် ပညာသင်ကြားနေသော ​ ကျောင်သား ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေသည်။

အဆိုပါအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ဖြန့်ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် “မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ကဗျာဆရာ ရေနံ့သာမောင်ကျော်ညွန့် ရေးသားထားသည့် “ ရှောင်ဖယ်ဝေးဝေး မူးယစ်ဆေး” ကဗျာ၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာငွေကျပ် ၉၃၆. ၇၂၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၄၆. ၀၅၈ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း (၁၀၈)မျိုးကို မီးရှို့ဖျက်ဆီးခဲ့မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်ရန် “ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)