အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် အကြိုဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

ချောက် ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင် ရာမူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် အကြိုဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက မူးယစ်ဆေးဝါးအန္တရာယ်နှင့် သမိုင်း​ကြောင်း၊ မူး ယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခဲ့သည်။ ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် အဖွဲ့လိုက်ကစားရသည့် ကစားနည်းများဖြစ်သည့် ပူစီဖောင်းလက်ဆင့်ကမ်းပြိုင်ပွဲ၊ ခုံပတ်အတန်းလိုက်ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။ ဆက် လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်း ဝယ်မှုတိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများသို့ သွားရောက်ကာ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိသည်။

  ကျော်မိုး(ပြန်/ဆက်)