မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးပွဲကျင်းပ

မြောင်းမြ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက်မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအ ကောင်အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏာန်း အချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲကို ယနေ့နံနက် (၉း၀၀) နာရီအချိန်ကမြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က အမှာစကားပြောကြားခဲ့ပြီး၊ လူဝင်မှုကြည့်ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးထွန်းငြိမ်းက သန်းခေါင်စာရင်းကောက်ယူရခြင်းရည်ရွယ်ချက်၊ သန်းခေါင်းကောက်ယူရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့်အချက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူး (၉၄) ဦး၊ စာရေး (၉၃) ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)