ပန်းတနော်မြို့ အ.ထ.က (၂) ကျောင်း၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ ကျင်းပ

ပန်းတနော် ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က (၂)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဦးက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံ၊ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ မခွဲခြားဘဲအမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေး အသိပညာပေးဟောပြောခဲ့ပြီး အထက်တန်းပြဆရာမတစ်ဦးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုအကြောင်းနှင့် ကလေးများဖွံ့ဖြိုးစအရွယ်တွင် သတိပြုလိုက်နာသင့်သည့် အချက်များအား အသိပညာပေးဟောပြောခဲ့ရာ ဆရာ/မများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)