မုဒုံ ဇွန် ၂၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါး Seeder ဖြင့် တိုက်ရိုက်မျိုးစေ့ချခြင်း တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကော့ပရံကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က စိုက်ပျိုးနေသည့်ကာလအတွင်း စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး၊ မိုးစပါးများစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းကိုအသုံးမပြုဘဲ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၏ အားသားချက်များ၊ မိုးစပါး တစ်ဧကအထွက်နှုန်းကောင်းမွန်စေရေး၊ ဒေသနှင့်ကိုက်ညီသည့်မျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့နှင့် သွင်းအားစုဆိုင်ရာလိုအပ်ချက်များနှင့် ပိုးမွှားရောဂါကာကွယ်ရေးနည်းပညာများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ အသီးသီးပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)