ငါးသိုင်းချောင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြို့မ၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်း (၃/၂၀၂၄) ဖွင့်လှစ်

ငါးသိုင်းချောင်း ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့  အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မြို့မတွင် ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက  အခြေခံရှေးဦးပြုစုခြင်း သင်တန်း (၃/၂၀၂၄) ကို ယနေ့နံနက် (၉) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ကြူဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်မှ သင်းတန်းတက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိမိမိသားစု၊ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သည့်ပညာများကို စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သဖြင့် ကြိုးစားသင်ယူကြရန်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းအား ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ (၄၃) ဦး တက်ရောက်ကာ သင်တန်းကာလမှာ (၂၅/၂၆/၂၇.၆.၂၀၂၄) (၃)ရက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အခြေခံ ရှေးဦးပြုစုနည်းများကို စာတွေ့/လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)