သံဖြူဇရပ် ဇွန် ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic/Biometric ကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက အောင်သုခရပ်ကွက်(အလက)သီရိမြိုင်ကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဦးစီးမှူး ဦးစီးအရာရှိဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic/ Biometric Data ကောက်ယူခြင်းများဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျိုက္ခမီမြို့ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၆၂)ဦး၊ မ(၈၅)ဦး စုစုပေါင်း(၁၄၇)ဦးကို ထုတ်ပေးခဲ့ပြီး Biographic/ Biometric Data(UID) ကောက်ယူသူ (၁၄၇)ဦးတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဦးစီးမှူး ဦးစီးအရာရှိ ဦးဌေးခိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်