လားရှိုးမြို့တွင် မျက်စိအထူးကုဆေးကုသရေး အစီအစဉ်အဖြစ် မျက်စိဝေဒနာရှင်များကို စမ်းသပ်ကုသပေး

လားရှိုး ဇွန် ၂၅

ကျန်းမာရေးဝန်ကြီးဌာန၊ မျက်စိအထူးကုဆေးကုသရေးအစီအစဉ်ဖြင့် လားရှိုးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးရှိ မျက်စိကုဌာနတွင် ရန်ကုန်မြို့မှ မျက်စိအထူးကုဆရာဝန်များက ဒေသခံမျက်စိဝေဒနာရှင်များကို ဆက်လက်၍ စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။

မျက်စိစမ်းသပ်ကုသပေးသည် ဇွန်လ (၂၄) ရက်နေ့တွင် လာရောက်စမ်းသပ်ကုသမှုခံယူသူ (၉၉) ဦးရှိခဲ့ ပြီး (၁၀) ဦးအား ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

အထူးကုဆရာဝန်ကြီးများသည် လားရှိုးမြို့တွင် ဇွန်လ (၂၂) ရက်နေ့မှ ဇူလိုင်လ (၂) ရက်နေ့အထိ မျက်စိရောဂါနှင့်ပတ်သက်၍ မွေးရာပါ မျက်စိရောဂါများ၊ မျက်စိထိခိုက်ဒဏ်ရာရောဂါများ၊ နာတာရှည်မျက်စိရောဂါ ဝေဒနာများ၊ အရေးပေါ် မျက်စိရောဂါလက္ခဏာများဖြစ်သော မှုန်ဝါးနီကိုက်ခြင်းများ၊ အနီးမှုန်အဝေးမှုန် မျက်စိရောဂါဝေဒနာများ၊ ဆီးချိုရောဂါနှင့်နှီးနွယ်သည့် မျက်စိရောဂါဝေဒနာရှင်များ၊ ရေတိမ်ရောဂါများစသည့် မျက်စိရောဂါနှင့်သက်ဆိုင်သော ဝေဒနာရှင်များကို အခမဲ့ကွင်းဆင်း ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

စိုင်းထွန်း(လားရှိုး)