မက်မန်းမြို့နယ်တွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများအား မေးခိုင်ဆုံဆို့ကာကွယ်ဆေး (နှစ်မျိုးစပ်) ထိုးနှံခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းများဆောင်ရွက်ပေး

မက်မန်း ဇွန် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မက်မန်း) ၌ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မေးခိုင်ဆုံဆို့ကာကွယ်ဆေး (နှစ်မျိုးစပ်)၊ (DT) ထိုးနှံခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့က မက်မန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မက်မန်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အသက် (၅) နှစ်မှ (၇) နှစ်အတွင်း ကလေးငယ် (၂၇) ဦးအား နှစ်မျိုးစပ် မေးခိုင်ဆုံဆို့ကာကွယ်ဆေး (DT) အား ထိုးနှံပေးခြင်း၊ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ (KG) အတန်းမှ (Grade -12) အထိ ကျောင်းသား/ ကျောင်းသူ(၄၀၆)ဦးအား သန်ချဆေးများတိုက်ကျွေးခဲ့သည်။ ထို့ပြင် ကျောင်းသား/ ကျောင်းသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနတာဝန်ခံထံမှ သိရသည်။

စောဥမ္မာ