ပင်းတယမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်း ကွင်းဆင်း၊ ပူးပေါင်းဆောင်ရွက်

ပင်းတယ ဇွန် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ သွေးလွန်တုပ်ကွေးရောဂါ၊ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း၊ တစ်အိမ် တက်/ဆင်း  ကွင်းဆင်းဆောင်ရွက် အသိပညာပေးခြင်းအား ယနေ့နံနက် (၉) နာရီက ဆောင်ရွက်ခဲ့ကြသည်။

ယခုကာလ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် အိမ်အနီးပတ်ဝန်းကျင်ရှိ အိုးစုတ်၊ ခွက်စုတ်များ၊ တာယာဟောင်းများ၊  ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းထားကြရန်၊  ခြင်ကျားပေါက်ပွားနိုင်သည့် ပိုးလောက်လမ်း နှိမ်နင်းခြင်းလုပ်ငန်းများ အလေးထားလုပ်ဆောင်ကြရန်၊ ခြင်ပေါက်ဖွားမှုမရှိစေရေး သုံးရေ၊ ကန်ရေများအား အဘိတ်ဆေးခတ်ခြင်း၊ သတ်မှတ်ရက်များအလိုက် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ကျန်းမာရေးဌာနနှင့်အတူဌာနဆိုင်ရာများ၊ မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းတို့အား အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)