ဆိပ်ကြီးခနောင်တို ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ချောင်းဝိုင်းလေးရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးရှိ ကွင်းအမှတ် ၁၈၀၊ ဧရိယာ ၃ ဧကရှိ တောင်သူဦးဇော်ဦး၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စိုက်ပျိုးသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်မှ (Seeder)ဖြင့်စိုက်ပျိုး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းတိုးတက်ရရှိနေမှု၊ နိုင်ငံအတွင်း(Seeder)အသုံးပြု၍ စိုက်ပျိုးနေမှုများအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလှဌေးမှ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ တောင်သူများသိရှိစေရန် ရှင်းလင်းဆွေးနွေးရာ၊ တောင်သူ(၁)ဦးမှ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)နှင့်ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များအား မေးမြန်းဆွေးနွေးခဲ့ပြီး မျိုးစေ့ချကိရိယာဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုး သရုပ်ပြသကြသည်။
အဆိုပါ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဝေယံ (ပြန်/ဆက်)