အလုံမြို့နယ်၌ သံဃာတော်များအား Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံ

အလုံ ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သံဃာတော်များအား  Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါထပ် ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် အလုံမြို့နယ်အတွင်းရှိ  ပါဠိတက္ကသိုလ်ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် (၁၈) ပါး၊ သဒ္ဓမဝံသာရုံ ကျောင်းတိုက်ရှိသံဃာ (၁၃) ပါး၊ ဇမ္ဗူရတနာဘုန်းတော် ကြီးကျောင်းရှိ သံဃာ (၁၄) ပါး၊ မဟာ‌မြေ မိုးကုတ်ဝိပဿနာကျောင်းရှိ သံဃာ (၈) ပါး၊ ဇောတနာရာမ ဘုန်းတော်ကြီးကျောင်းရှိ သံဃာ (၃) ပါး၊ စုစုပေါင်း (၅၆) ပါးအား Pfizer Vaccination (Booster)ကို ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးကာကွယ်​ဆေးထိုးနှံပေးရာတွင်  ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သဇင်ခိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)