ဝမ်းတွင်းမြို့နယ်ရှိ အ.မ.က(၂) မူလွန်ကျောင်းတွင် ပန်းခင်းစီမံချက်(၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်

ဝမ်းတွင်း ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အခြေခံပညာမူလတန်းလွန်ကျောင်းအမှတ် (၂)၌ ဆောင်ရွက် ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်း ဆောင်ရွက်ရေးအဖွဲ့များမှဆောင်ရွက်ပေးလျက်ရှိပြီး   အခြေခံပညာမူလတန်းလွန်ကျောင်း(အမှတ်-၂)သို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  ပန်းခင်းစီမံချက်ဖြင့် အကျုံးဝင်သော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၄)ဦးတို့အား အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဝကမှူး ဒေါ်မြမြစိုး ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)