သရက်ချောင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

သရက်ချောင်း ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့က မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ၂၀၂၄ခုနှစ်၊ မိုးစပါး စိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပေးလျက်ရှိသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် ယခင်နှစ်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်သူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များမှ ဆင်ဖြူပြင်ရပ်ကွက်ရှိ တောင်သူ ၁၅ဦး၊ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက် ဧက ၉၆ ဧကအတွက် ချေးငွေကျပ် ၁၄၄ သိန်းကိုထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ၂၀၂၄ခုနှစ်၊  မိုးစပါး စိုက်ပျိုးသည့်ကျေးရွာ ၂၀ ရွာကို ထုတ်ချေးပေးရန်လျာထားဆောင်ရွက်လျက်ကြောင်း၊ ဇွန်လအတွင်း မြို့ပေါ်ရပ်ကွက်ရှိ တောင်သူများကိုထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ခံ ဒေါ်ကျော့ကျော့မိုးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)