ရွှေဘိုမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရွှေဘို ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယ​နေ့နံနက် (၉) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ  “သုတ​ဝေဖြာမျှ​ဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက်” Video Clip အားပြသရာ တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြပြီး​ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်​အေးမြင့်စန်းက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်​ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးလှုပ်ရှားမှု အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်စာ​ပေဖတ်ရှုရခြင်း အကျိုးကျေးဇူးများကို ​​ဆွေး​နွေးပြောကြားခဲ့သည်။

ထို့နောက် ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူ​လေးများနှင့် ​မောင်ခင်မင်(ဓနုဖြူ​)ရေးသားသည့်၊ အ​မွေခံတစ်​ယောက် အ​မွေ​ပေးသူတစ်ရာစာအုပ်ပါ​ခေါင်းစဥ် (၅) ခုဖြင့် စာဖတ်ဝိုင်းဆွေး​နွေးပွဲ ပြုလုပ်ခဲ့​ကြောင်းနှင့် စကားပုံဆက်ပြိုင်ပွဲများ၊ ဥာဏ်စမ်းပ​ဟေဠိပြိုင်ပွဲများ​၊ ဒုတိယဦးစီးမှူး​ ဒေါ်ခိုင်ဇင်က၊ က​လေးငယ်များအား ပုံပြင်၊ ရုပ်ပြ၊ စာအုပ် ဖတ်ပြ​ဆွေး​နွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး​နောက် အသိပညာ​ပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ပြသထားရာ ​ကျောင်းသား၊​ ကျောင်းသူ​လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်