မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု ငှက်ပျောလျှော်ဖြင့် လက်မှုပစ္စည်းပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဇွန် ၂၄

ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ငှက်ပျောလျှော်ဖြင့် လက်မှုပစ္စည်းပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြည်ကြည်ထွန်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်ကြားပေးသူနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ငှက်ပျောလျှော်ဖြင့် လက်မှုပစ္စည်းပြုလုပ်နည်း သင်တန်းကို (၁၄.၆.၂၀၂၄) ရက်နေ့မှ (၂၃.၆.၂၀၂၄) ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဟိန်း (ပြန်/ဆက်)