ရေဦးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရေဦး ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့၀င်းမောင်က လူငယ်နှင့်စာဖတ်ခြင်း အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်မေသက်လွင်စိမ်းက ကျောင်းသားနှင့် အားကစားဆိုင်ရာ အကြောင်းအရာများကိုလည်ကောင်း  အသိပညာပေး ပြောကြားခဲ့‌ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အားကစားမှူး ဒေါ်မေသက်လွင်စိမ်းက ကျောင်းအတွက် ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်းပိုက်တို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ဌာနမှ ထုတ်ဝေသည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

သန်းသန်း (ရေဦး)