ရေဦး ဇွန် ၂၄
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၂၂ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နော် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ပိုစတာနှင့် စာအုပ်စာစောင်များပြသထားမှုကို စိတ်ပါ၀င်စားစွာ ကြည့်ရှုကြပြီး ဖတ်ရှုလိုသည့် သုတရသစာအုပ်များလည်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သန်းသန်း(ပြန်/ဆက်)