အောင်လံမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

အောင်လံ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များအားစာဖတ်သည့် အလေ့အထကောင်းများရရှိ လာစေရန်အတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုကြောင့် ယခုကဲ့သို့အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပညာရေးဌာနတို့နှင့်တက်ရောက်ခဲ့ရာ သက်ဆိုင်ရာဌာနများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း (ပြန်/ဆက်)