ပခုက္ကူ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ပြိုင်ပွဲကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေဗဟုသုတများလေ့လာခြင်းဖြင့် ဗလငါးတန်ပြည့်စုံကြွယ်ဝသည့် ကျောင်းသားလူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ကျောင်းသူ လူများလေ့လာဖတ်ရှုသင့်သည့် စာပေအမျိုးအစားများ၊ စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ ဦးစီးဌာနမှ ပြည်သူလူထုအသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့်စာအုပ်ဌားရမ်းခြင်းဆိုင်ရာဆောင်ရွက်ပေးနေသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ စာဖတ်ဝိုင်း၊ စကားပုံဆက်နှင့်စကားထာပြိုင်ပွဲများကျင်းပရာ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါအခမ်းအနားတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက် ချုပ်သင်တန်းသူများတက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ၂၀၂၄ ခုနှစ်အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ (ပခုက္ကူ)