ရေတာရှည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ကုန်းကြီးကျေးရွာနှင့် သိုင်းဝကျေးရွာတို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်း၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်သည်။
ထိုသို့ စုပေါင်းစိုက်ပျိုးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မန်ကျည်းပျိုးပင်(၁၅၀)နှင့် စိန်ပန်းပျိုးပင်(၅၀)ပင် စုစုပေါင်း အရိပ်ရပျိုးပင်(၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)