စလင်းမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် နိုင်ငံသားတစ်ဦးချင်းစီ၏ကိုယ်ရေးအချက်များကောက်ယူ

စလင်း ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက နိုင်ငံသားတစ်ဦးချင်းစီ၏  ကိုယ်ရေးအချက်အလက်(Biometric Data)စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်(Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်ကာ  ပေါင်းနားရပ်ကွက်အတွင်းရှိ အဆိုပါရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက(Biometric Data)အချက်အလက်  စာရင်း ကောက်ယူခြင်း(Unique ID)ထုတ်ပေးခြင်းလုပ်ငန်းများကို  ရပ်ကွက်၊ ကျေးရွာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ်အတွင်းရှိ ပြည်သူများအားလုံးကို အချိန်နှင့်တစ်ပြေးညီ ရရှိစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်စေပြီး ဇီဝဆိုင်ရာ (Biometric) အချက်အလက်များ စာရင်းကောက်ယူ၍ (Data Base)တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံး ပါဝင်သည့်(Unique ID)နံပါတ်ပါကတ်ပြားများကို​နေ့ချင်းအပြီး ထုတ်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  သိရသည်။

(မောင်လွင်)